Posts

Xtreme Download Manager in Kali 2.0

Image
Xterme Download Manager ဆိုတာ လူအများစုသိကြတာတော့ xdman ဆိုပြီးသိကြပါတယ်။ Linux,Window,Mac Os တိုင်းမှာ အလုပ်လုပ်နိုင်တဲ့ Download Manager လေးပါ။ Internet Download Manager နဲ့ပုံစံဆင်ပါတယ်။ ကျနော်တို့အခု Kali linux မှာ xdman ကိုသွင်းကြည့်ပါမယ်။deb ဖိုင်ကနေတစ်ဆင့်သွင်းမှာဖြစ်တဲ့အတွက် ကြောင့် deb ဖိုင်လေးပဲလိုအပ်ပါသည်။ Download xdman deb ကျနော်တို့ deb ဖိုင်လေးကို download ပြီးသွားရင် deb ဖိုင်ရှိတဲ့နေရာကို terminal မှတစ်ဆင့်သွားလိုက် ပါ။ကျနော်ကတော့ Desktop မှာတင်ထားတဲ့အတွက်ကြောင့် Desktop ကနေ install လုပ်ပါမယ်။ dpkg -i xdman.deb   ကျနော်တို့ install လုပ်ပြီးလျှင် xdm ဆိုပြီးရှာလိုက်ပါ။ အဆင်ပြေပြေ Run နိုင်ပါပြီ။ Youtube မှာလည်း တင်ထားပေးပါသည်။

Google Chrome in Kali 2.0

Image
Kali 2.0 မှာ Google Chrome တွေကိုဒီအတိုင်းသွားရင်အဆင်မပြေမှုတွေနဲ့ကြုံတွေရပါတယ်။ ကျနော်အခုတွေထားတဲ့ အခုနည်းက error ကင်းကင်းနဲ့ Google Chrome ကို Install လုပ်နည်းပဲဖြစ်ပါတယ်။ အရင်ဆုံးကျနော်တို့ Google Chrome ကို Offical Website မှ .deb ဖိုင်ကိုသွားဒေါင်းလိုက်ပါ။ https://www.google.com/chrome/browser/desktop/ ကျနော်တို့ .deb ဖိုင်လေး ဒေါင်းပြီးသွား Download Folder ထဲမှာ google chrome deb ဖိုင်လေး ရှိနေ ပါလိမ့်မယ်။ အောက်ကပုံအတိုင်း Terminal ကနေ Download Folder ထဲဝင်ပြီးတော့ deb ဖိုင်ကို Install လုပ်ကပါမယ်။ kali 32bit dpkg -i google-chrome-stable_current_i386.deb  kali 64bit dpkg -i google-chrome-stable_current_amd64.deb  အထက်ပါအတိုင်း install လုပ်ပြီးသွားလျှင် Terminal မှာအောက်က Command လေးရိုက်ပေးပါ။ apt-get -f install  လိုအပ်တဲ့ဖိုင်တွေပြင်ပြီးသွားလျှင် leafpad ကိုဖွင့်ပြီး Google Chrome ဖိုင်ကိုပြင်ကမှာဖြစ်ပါတယ်။ leafpad /opt/google/chrome/google-chrome    ထိုနောက်ပုံတွင်ပြထားသည့်အတိုင်း leafpad တွင်  exec -a "$0" "$HERE/chrome" &

Install Terminal Logo text in Kali

Image
  ကဲ ရေးရင်လဲဆက်တိုက်ပဲ မရေးရင်လဲပစ်ထားလိုက်ရောပဲ အဲလိုဖြစ်နေပြီဆိုတော့ ကျွန်တော်ထပ်ရေးလိုက်ပါအုံးမယ် အဲဒါကတော့ တခြားမဟုတ်ပါဘူး Terminal မှာ Logo text လေးပေါ်နေတော့လှတာပေါ့ဗျာ အဲဒီကောင်ကတော့ တခြားမဟုတ်ပါဘူး Terminal အတွက်သီးသန့်ရေးလိုက်တဲ့ ကောင်လေးပေါ့ဗျာ …. နာမည်ကတော့ figlet ဆိုတာလေးပါ သူ့ကိုဘယ်လို install လုပ်ရမလဲ … ? ok … apt-get install figlet  အိုကေ … Terminal မှာ figlet MKLO  လို့ရိုက်ကြည့်လိုက်ပါ အဆင်ပြေပြေနဲ့လှနေတာတွေ့ရပါလိမ့်မယ် … အဲဒါကို Terminal ဖွင့်တိုင်းအမြဲသုံးချင်ရင်တော့ … Home Folder ထဲကိုဝင်ပြီး Ctrl + H ကို နှိပ်ပေးလိုက်ပါ … အဲဒီလိုနှိပ်ပေးလိုက်ရင်တော့ … .bashrc ဆိုတဲ့ File လေးကိုတွေ့ရပါလိမ့်မယ် … အဲဒီဖိုင်လေးကိုဖွင့်ပြီး ဟိုးအောက်ဆုံးမှာ figlet Add Your Text ထည့်ပေးလိုက်ပြီး .bashrc ကိုသိမ်းပြီး ထွက်ပေးလိုက်ပါ … Terminal ကို ပိတ်ပြီးပြန်ဖွင့်လိုက်ရင် figlet အလုပ်လုပ်နေတာကိုတွေ့ရပါလိမ့်မယ်ဗျာ … မကြိုက်လို့ ပြန်ဖြုတ်ချင်ရင်တော့ … apt-get remove figlet အဲလိုရိုက်ပေးလိုက်ရင်တော့ စက်ထဲက remove လုပ်ပေးသွားပါလိမ့်မယ် … အားလုံး